"နှလုံးသားတစ်ခု နှင့် ပူလောင်မှုကင်းမဲ့ဇုံ" .............................. ပိုင်ဆိုင်ခွင့်မရလိုက်တဲ့ လူတစ်ယောက်ကြောင့် ဘဝပျက်သွားတဲ့ လူရဲ့အချစ်ကို အချစ်စစ်လို့ မခေါ်နိုင်ပါ… လူတွေဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်အချိန်မှာ အချစ်ခင်ဆုံးလဲ…? သူလည်း သူ့အား သူကိုးနိုင်တဲ့သူ၊ ကိုယ်လည်း ကိုယ့်အားကိုယ်ကိုး နိုင်တဲ့သူ၊ သူ မရှိလည်း ကိုယ့်ဘဝကို ပြည့်ပြည့်စုံစုံ နေသွားနိုင်တဲ့သူ၊ ကိုယ်မရှိလည်း သူ့ဘဝကို အဓိပ္ပာယ်ရှိရှိ ကျေကျေနပ်နပ်နေသွားနိုင်သူ၊ ဒီလိုလူနှစ်ယောက်ရဲ့ ချစ်ခြင်းဟာ အေးချမ်းမှုရှိပြီး အချစ်စစ်တယ်လို့ ခေါ်ဆိုနိုင်ပါတယ်။ အချစ်ဟာ အလိုရမက်နည်းပြီး ပေးဆပ်မှုအပေါ် အခြေခံ ရပ်တည်နိုင်မယ်ဆိုရင် အလွန်တရာ အေးချမ်းပါတယ်။ မိမိရဲ့အချစ်က ပူလောင်တဲ့အချစ်လို့ ခံစားနေရရင် အချစ်စစ်မဟုတ်တော့ဘူးလို့ ပြောလို့ရနိုင်ပါတယ်။ ရယူလိုတဲ့မသိစိတ်က လူကို ပူလောင်စေပါတယ်။ သူရှိရှိ မရှိရှိ မိမိကိုယ်ကို ကောင်းအောင်နေပြီး သက်ဆုံးတိုင် ချစ်သွားနိုင်ခြင်းဟာ အချစ်စစ်စစ်ပါ။ တကယ်ဆို ချစ်တတ်ဖို့ပဲ လိုပါတယ်။ လူသားအားလုံး ပူလောင်ခြင်းကင်းတဲ့ လိုရမက်ကင်းမဲ့ဇုံမှာ အေးချမ်းစွာနေထိုင်နိုင်ကြပါစေ... ...... #ဆရာတေ...