အနန္တသူရိယ အမတ်ကြီး၏ သံဝေဂ ကဗျာ
အနန္တသူရိယ အမတ်ကြီး၏ သံဝေဂ ကဗျာ
Chief Minister Ananta Thuriya's Appeal in Verse
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်ကာသာ
ဓမ္မတာတည်း။
When one attains prosperity
Another is sure to punish
It is the Law of Nature.
ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
တစ်သက်လျာတည်း။
Happiness of life as king
Having a golden palace to dwell in,
Court life with an host of
Minister about one.
Enjoyment shadow peace
No break to felicity
Is but a bubble mounting for a moment
In the surface of the ocean.
ကြင်နာသနား ငါ့အားမသတ်
ယခုလွှတ်လည်း မလွတ်ကြမ္မာ
လူတစ်ကာတို့ ခန္ဓာခိုင်ကျည်
အတည်မမြဲ ဖောက်လွှဲတတ်သည်
မချွတ်စသာ သတ္တ၀ါတည်း။
Though he kills me not
But in mercy and pity release
I shall not escape my kamma.
Man's stark, seamy body lasteth not ever,
Verily it is the nature of every
Living thing to decay.
ရှိခိုးကော်ရော် ပူဇော်အကျွန်
ပန်ခဲ့တုံ၏ ခိုက်ကြုံဝိပါတ်
သံသာစက်၌ ကြိုက်လတုံမူ
တုံ့မယူလို ကြည်ညိုစိတ်သန်
သခင်မွန်ကို ချန်ဘိစင်စစ်
အပြစ်မဲ့ရေး ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ ငါ့ခန္ဓာတည်း။ ။
အနန္တသူရိယ အမတ်ကြီး ( အေဒီ ၁၁၇၁ )
Thy slave I beg
But to bow down in homage and adore thee!
In the wheel of Samsara
My past deed offer me vantage
I seek not for vengeance,
Nay, Minister, mine awe of thee is too long!
If I might, yet I would not touch thee
I would not thee pass without scathe
The blood is transitory, as well the element of my body.
Translation by G.H Luce
Professor of Oriented Study,
Yangon University.
First Published in 1992.
The Teachings of the Buddha
( Highest Level ) Volume. III
သမိုင်းပညာရှင် ရန်ကုန်တက္ကသိုလ်
အရှေ့တိုင်းပညာဌာန ပါမောက္ခ
ဂျီအိတ်ခ်ျလု့စ် ( G.H. Luce )
အင်းဝခေတ်တုန်းက မြင်းစိုင်းညီနောင် ၂ ပါးက ဝေဠုဝတီမင်းသမီးကို လုယူကြတယ်။ ညီတော်က နောင်တော်ကို သတ်ပြီး နန်းထိုင်ရင်း သူနဲ့ မတည့်တဲ့သူ မှန်သမျှ အကုန်သတ်လို့ ရာဇသံထုတ်တယ်။ သူ့ကို ထောက်ခံတဲ့သူတွေကိုလည်း ဖား တယ်ဆိုပြီး သေဒဏ်ခတ်ပြန်တယ်။ ဆန့်ကျင်သူ မှန်သမျှကိုလည်း သတ်ခိုင်းတယ်။ ပညာရှိအမတ်ကြီး အနန္တသူရိယက ဘာမှဝင်ရောက် စွက်ဖက်ခြင်းမရှိဘဲ နှုတ်ဆိတ်နေတယ်။ ဒါကို ရာဇာ က အမြတ်ရှပြီး
In Innva Era, Princes of Marinsai ravened Vailuvati Princess ( came from Royal Bamboo Groove ). The younger slew the Brother and succeeded the throne: issuing to take Execution all the against due to their objection : or all advocacies due to their favouring. The Wiser Congress Ananta Thuriya neither interfered nor disturbed Him. But the King got quids in the Congress:
ပညာရှိ အမတ်ကြီးလုပ်နေပါလျှက် မင်း ရဲ့ လုပ်ရပ်တွေက မှားတယ်၊မှန်တယ်လို့ မလျှောက်ရလေကောင်းလား
ဆိုပြီး တောင်စွယ် နေကွယ်မှာ ကွပ်မျက် ခိုင်းလိုက်ပြန်တယ်။ အမတ်ကြီးက သေအံ့စဲစဲမှာ ပေဖူးလွှာနဲ့ ကညစ်တော် တောင်းခံပြီး မင်းတရားထံသို့ ( အထက်ဖော်ပြပါ မျက်ဖြေလင်္ကာ ) ကဗျာကို ဆက်သခိုင်းခဲ့လေရဲ့။
Then the King made decision to make Capital Punishment the Wiser Congress at the time of descending of the sun between the mountain ranges: because of his silence in His bad deeds! The Wiser Congress created and sent the Poem by granting palm-paper & pen by the time he was nearly to die!
ကဗျာဖတ်လို့ အဆုံးမှာပဲ အမတ်ကြီးကို သေဒဏ်က လွတ်စေ အမိန့်ချမှတ်လိုက်ပေမယ့် မင်းတရားဟာ အနိစ္စရောက်နေပြီဖြစ်တဲ့ အမတ်ကြီးအတွက် သံဝေဂ ရသွားရှရှာလေတယ်။ အဲဒီမှာ ဓမ္မသတ် အသစ်ထုတ်ပြန်လိုက်လေတယ်။
After the King had read the Poem, He got a great repent for the Death of Wiser Congress although he revealed to acquit Him from the Capital Punishment. Then, a new regulation became as follow:
ပညာရှိအမတ်တစ်ပါးကို ရာဇမာန်ရှ၍ မင်းက တစ်ချက်လွှတ်သေဒဏ်ပင် ချခဲ့လင့်ကစား ထိုပညာရှိ အမတ်အား ခုနစ်ရက် ဆိုင်းငံထားရပေမည်။ ။
It is to be hesitated to slay any Wiser Congress for seven days at least even if the King issues to take Execution Him at once!
K. S. H
Cosentrix Natmauk
Comments
Post a Comment