Posts

Image
“သံယောဇဉ်ကို ပါရမီဖြစ်အောင် လုပ်နည်း” •••••••••••••••••••••••••••••••••••••••••••••••• သံယောဇဉ်ရဲ့ မှောင်းနှင်အားက အင်မတန်ကြီးမားပါတယ်။ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ကြီးမားတာပါ။ ● တစ်ခါတစ်ရံမှာ တချို့ကုသိုလ်အလုပ်တွေကို ကိုယ့်သဘောနဲ့ကိုယ်ဆို လုံးဝ မလုပ်ချင်ပါဘူး။ ● ဒါပေမယ့် ကိုယ်သံယောဇဉ်ရှိသူကလုပ်စေချင်တဲ့အတွက် သူ့ဆန္ဒ လိုက်လျှောတဲ့အနေ နဲ့ လုပ်ဖြစ်သွားပါတယ်။ တစ်ခါတရံမှာ ကိုယ်ကနည်းနည်းပဲလုပ်ချင်တဲ့ ကုသိုလ်အလုပ်ကို ကိုယ့်ချစ်သူကြောင့် အများကြီးလုပ်ဖြစ်သွားပါတယ်။ သံယောဇဉ်က နိဗ္ဗာန်အထိ ကျေးဇူးပြုနိုင်တဲ့ ပဋ္ဌာန်း သတ္တိ(ပကတူပနိဿယပစ္စယသတ္တိ) ရှိတဲ့အတွက် သံယောဇဉ်ကို ကုသိုလ်ပါရမီ တိုးပွားရေးအတွက် အသုံးချတတ်မယ်ဆိုရင် အဲဒီသံယောဇဉ်ကို အပြစ်ပြောဖို့ မလိုတော့ပါဘူး။ သံယောဇဉ်ကြောင့်ပဲ တစ်ယောက်က တစ်ယောက်ရဲ့ “ပါရမီ ဖြည့်ဘက်” ဖြစ်သွားရတာပေါ့။ တကယ်တော့ အတိတ်က ပါရမီဖြည့်ဖက် ဖြစ်ခဲ့ကြလို့လည်း ဒီဘ၀မှာ ပြန်ဆုံတွေ့ကြ ပြန်ချစ်ကြနဲ့ ကုသိုလ်တွေ အတူပြန်ပြုဖြစ်ကြတာပါပဲ။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်တော့ရင်လည်း ဘာမှ ၀မ်းနည်းစရာမလိုပါဘူး။ ကိုယ့်ကို မချစ်တဲ့သူကို ၊ ကိုယ်ကလည်း ထပ်ချစ်နေစရာ...
Image
လူတို့၏ အသက်တိုရခြင်း အကြောင်း ====================== အခါတပါး၌ ... မြတ်စွာဘုရားသည် အာဠဝီပြည် နွားကျောင်း လမ်း ကြောင်း အနီး သဇင်မြိုင်၌သီတင်းသုံးတော်မူနေစဉ် ပုဏ္ဏား သူကြွယ်တစ်ယောက်မှ မြတ်စွာဘုရားထံ ချဉ်းကပ်လျှောက်ထားသည်မှာ - အရှင်ဂေါတမ - ယခု အကျွန်ုပ်တို့ မျက်မှောက်လောက၌ လူတို့၏ သက်တမ်းသည် တို၍ လာကြပြီး ဆင်းရဲဒုက္ခများဖြင့် ကြုံဆုံနေကြရသည်မှာ အဘယ်ကြောင့်ပါနည်း " ဟု မေးလျှောက်ထားခြင်း ပြုလေဧ။် ။ `အို - ပုဏ္ဏား ၊ ယနေ့လူတို့သည် ရှေးကမ္ဘာဦးခေတ်က လူတို့နှင့် မတူကြကုန်´ ➡ အဓမ္မရာဂ ရတ္တာ မသင့်သောအရာကို အာသာငမ်းငမ်း စွဲလမ်းမှု ပြင်းစွာဖြင့် တပ်မက်ခြင်း ဖြစ်လာကုန်ဧ။် ။ ➡ ဝိသမလောဘာ ဘိဘူတာ လိုသည်ထက်ပို၍ အလွန်အကျွံ လောဘရမ္မက် ကြီးလာ ကုန်ကြသည် ။ ➡ မိစ္ဆာဓမ္မ ပရေတာ မှားသောသဘော ၊ မမှန်သော အယူအဆ ၊ ဖောက်ပြန်သော သုံးသပ်ချက်တို့ဖြင့် တစ်ကိုယ်လုံး ဖုံးလာဧ။် ။ ➡ထိုလူတို့သည် ဇီဝိန်ကိုခြွေ သေစေနိုင်သော၊ ထက်လှစွာသော လက်နက်တို့ကို ကိုင်ကြကုန်ပြီးသော် အချင်းချင်း သတ်ဖြတ်နေကြကုန်၏် ။ ယင်းသို့ သတ်ဖြတ်နေခြင်းကြောင့် ကလေးသူငယ် ၊ လူငယ်လူကြီး ၊ မိန်းမယောက်ျားတို့ သေကြေပျက်စီး ကုန်...

လူဆိုတာ

Image
လူဆိုတာ တန်ဖိုးရှိလာလေ  တိတ်ဆိတ်လေပဲ။ တန်ဖိုးမဲ့လာလေ   ဆူညံလေပဲ။ လူဆိုတာ မြင့်မြတ်လာလေ  တည်ငြိမ်လာလေပဲ။ ယုတ်နိမ့်လာလေ   ဘရုတ်ကျလေပဲ။ လူဆိုတာ သီလရှိလေ  စကားနည်းလေပဲ။ သီလမဲ့လေ  စကားများလေပဲ။ လူဆိုတာ အမှားများလာလေ  ဖုံးဖိနေရလေပဲ။ အမှားနည်းလာလေ  တည်ငြိမ်အေးချမ်းလာလေပဲ။ လူဆိုတာ အလိုကြီးလေ   ရန်သူပေါလေပဲ။ အလိုနည်းလေ  မိတ်ဆွေပေါလေပဲ။ လူဆိုတာ အတ္တကြီးလေ  ခက်ထန်လာလေပဲ။ အတ္တနည်းလေ  မျက်နှာချိုအေးလေပဲ။ လူဆိုတာ စိတ်ထားကောင်းလေ  ခွင့်လွတ်နိုင်လေပဲ။ စိတ်ထားပုတ်လေ  အငြိုးအာဃာတကြီးလေပဲ။ credit - အတွေးလှ ဆရာတော်

တစ်နေ့တော့

Image
ဒီလိုချည်းပဲ အမြဲတမ်း ရှိမနေဘူး.. တစ်နေ့တော့ ခွဲကို ခွဲရဦးမှာ.. တစ်နေ့တော့ ကိုယ်က ထားခဲ့မှာလား.. တစ်နေ့တော့ သူက ထားခဲ့မှာလား.. ဒါလေးပဲ ကွာသွားတာ.. တစ်နေ့တော့ ထားကို ထားခဲ့မှာချည်းပဲ.. ဒါကြောင့် ခုနေ အနားမှာ ရှိနေလို့လည်း တရားလွန် ပျော်မနေနဲ့ဦး.. တစ်နေ့တော့ "သေကွဲနဲ့ ခွဲရဦးမှာပါလား"ဆိုတဲ့ သတိလေးတော့ ရှိပါဦး.. ခုနေ အနားက ခွာသွားလို့လည်း တရားလွန် စိတ်ဓာတ်ကျမသွားနဲ့ဦး.. တစ်နေ့တော့ သေကွဲနဲ့ပါ ထပ်ပြီးအခွဲခံရဦးမှာ.. ခုနေ အနားကို ရောက်မလာသေးလို့ တရားလွန် မျှော်တော်ဇောနဲ့ ရှာမနေနဲ့ဦး.. တစ်နေ့တော့ ရောက်လာဖို့အတွက် သေကွဲက အဆင်သင့်ရှိနှင့်ပြီးသား.. စေတနာနဲ့ ထပ်ပြီးပြောလိုက်မယ်.. "တစ်နေ့တော့ အားလုံး ခွဲကို ခွဲရဦးမှာပါ"လို့.....။                                Credit                                ohmarshin

တစ်ချို့လူတွေ

Image
တချို့လူတွေက သင့်ကိုမချစ်နိုင်ဘူး ဒါပေမယ့် သင့်ဆီကအချစ်ကိုလည်း သူတို့ကလိုချင်တယ်။ တချို့လူတွေက သင်ညာမှာတော့ကြောက်ကြတယ် ဒါပေမယ့် သူတို့ကျ ညာနေကြတယ်။ တချို့လူတွေက သင့်ဆီကဂရုစိုက်မှုကျလိုချင်ကြတယ် ဒါပေမယ့် သူတို့ကျ ဂရုမစိုက်တတ်ကြဘူး။ တချို့လူတွေက သင်လှည့်စားမှာကြောက်ကြတယ် ဒါပေမယ့် သူတို့ကျ သင့်ကိုလှည့်စားနေကြတယ်။ တချို့လူတွေက သင့်ကိုထွက်သွားခွင့်မပေးဘူး ဒါပေမယ့် သင်နေချင်အောင်လည်း သူတို့ဟာ မစွမ်းဆောင်နိုင်ကြဘူး။ တချို့လူတွေက သင်အချစ်သစ်တွေ့သွားမှာစိုးတယ် ဒါပေမယ့် သူတို့အပေါ်ကိုစိတ်မပျက်အောင်တော့ မကြိုးစားကြဘူး။ တချို့လူတွေက သိပ်ရယ်ရတာပဲ သူတို့လုပ်ချင်တာလုပ်မယ် ဒါပေမယ့် သင့်ကိုကျ လုပ်ချင်တာလုပ်ဖို့ခွင့်မပြုတတ်ကြဘူး။ သူတို့သင့်ကို အရုပ်တရုပ်လို ကစားစရာတစ်ခုလို သဘောထားတယ် အဲဒီလူတွေဆီက သင်မရုန်းထွက်နိုင်ရင် သင်တသက်လုံးဒဏ်ရာတွေရနေမှာပဲ။ Credit & Original Uploder

လောကသဘာဝရဲ့ အမှန်တရား

Image
ကံချင်းတူလျှုင် ဥာဏ်ရှိသူကသာတယ် ဥာဏ်ချင်းတူလျှင် ဝီရိယရှိသူကသာတယ် ဝီရိယချင်းတူလျှင် စည်းကမ်းရှိသူကသာတယ် စည်းကမ်းချင်းတူရင် စေတနာရှိသူကသာတယ် စေတနာချင်းတူရင် နှုတ်ချိုသူကသာတယ်

ခွင့်လွှတ်ခြင်း၏ ရလဒ်

Image
ခွင့်လွှတ်ခြင်း၏ ရလဒ် •~•~•~•~•~•~•~•~• အတိတ်ကို ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲဒါကိုနားလည်ဖို့လိုတယ်။ ခွင့်လွှတ်ဖို့လိုတယ်။ အတိတ်ကဖြစ်ခဲ့တဲ့ လွဲခဲ့တာတွေ မှားခဲ့တာတွေကို ...