လူတို့၏ အသက်တိုရခြင်း အကြောင်း
======================
အခါတပါး၌ ...
မြတ်စွာဘုရားသည် အာဠဝီပြည် နွားကျောင်း လမ်း ကြောင်း အနီး သဇင်မြိုင်၌သီတင်းသုံးတော်မူနေစဉ်
ပုဏ္ဏား သူကြွယ်တစ်ယောက်မှ မြတ်စွာဘုရားထံ
ချဉ်းကပ်လျှောက်ထားသည်မှာ -
အရှင်ဂေါတမ -
ယခု အကျွန်ုပ်တို့ မျက်မှောက်လောက၌
လူတို့၏ သက်တမ်းသည် တို၍ လာကြပြီး
ဆင်းရဲဒုက္ခများဖြင့် ကြုံဆုံနေကြရသည်မှာ
အဘယ်ကြောင့်ပါနည်း " ဟု
မေးလျှောက်ထားခြင်း ပြုလေဧ။် ။
`အို - ပုဏ္ဏား ၊ ယနေ့လူတို့သည်
ရှေးကမ္ဘာဦးခေတ်က လူတို့နှင့် မတူကြကုန်´
➡ အဓမ္မရာဂ ရတ္တာ
မသင့်သောအရာကို အာသာငမ်းငမ်း စွဲလမ်းမှု
ပြင်းစွာဖြင့် တပ်မက်ခြင်း ဖြစ်လာကုန်ဧ။် ။
➡ ဝိသမလောဘာ ဘိဘူတာ
လိုသည်ထက်ပို၍ အလွန်အကျွံ လောဘရမ္မက်
ကြီးလာ ကုန်ကြသည် ။
➡ မိစ္ဆာဓမ္မ ပရေတာ
မှားသောသဘော ၊ မမှန်သော အယူအဆ ၊
ဖောက်ပြန်သော သုံးသပ်ချက်တို့ဖြင့်
တစ်ကိုယ်လုံး ဖုံးလာဧ။် ။
➡ထိုလူတို့သည်
ဇီဝိန်ကိုခြွေ သေစေနိုင်သော၊ ထက်လှစွာသော
လက်နက်တို့ကို ကိုင်ကြကုန်ပြီးသော်
အချင်းချင်း သတ်ဖြတ်နေကြကုန်၏် ။
ယင်းသို့ သတ်ဖြတ်နေခြင်းကြောင့်
ကလေးသူငယ် ၊ လူငယ်လူကြီး ၊
မိန်းမယောက်ျားတို့ သေကြေပျက်စီး ကုန်ကြရဧ။် ။
အို - ပုဏ္ဏား ၊
ဤသို့ အချင်းချင်းသတ်၍
➡သတ္ထန္တရကပ်ကြီး ဆိုက်ခြင်းသည်
ဆင်းရဲဒုက္ခများ ကြုံကြရပြီး
အသက်တိုခြင်းဧ။်
အကြောင်းရင်းတစ်ရပ်ပေတည်း .....။
____________________________
"အို - ပုဏ္ဏား ၊
တစ်ပါးသော အကြောင်းကို ငါဆိုပေဦးအံ့"
အဓမ္မရာဂ
ဝိသမလောဘ
မိစ္ဆာဓမ္မ တည်းဟူသော တရားကို
အကျင့်ဆိုး ၊ ဥာဉ်ဆိုး ၊ ဝသီဆိုးတို့
လွှမ်းမိုးလျက်ရှိသော
ယနေ့ခေတ် , ယနေ့အခါ၌
လူတို့ စားသောက်လုပ်ကိုင်မှု ဖြစ်မြောက်ရန်
အတွက်
မိုးသည် ကောင်းစွာမရွာ
ရွာသည့်အခါလည်း အန္တရာယ်ကိုဖြစ်စေပြန်သည်
လွန်ကဲသောအပူကိုလည်း ဖြစ်စေပြန်သည် ။
ရာသီဥတုတို့ဖောက်ပြန် ပြောင်းလဲလာသည့်အတွက်
စိုက်ပျိုးသောသီးနှံများ ညံ့ဖျင်းခြင်း ၊
ပိုးကျခြင်း ၊ ဖလံဖြူ နာစွဲခြင်း ၊
စိုက်ပျိုးသမျှ ပင်တံချည်းသာ
ကျန်ခြင်း စသော မလိုလားအပ်သော
အရာတို့သည် ဖြစ်လာကြကုန်ဧ။် ။
ယင်းသို့ မိုးခေါင်ရေရှား
ငတ်မွတ်ခေါင်းပါးခြင်းကြောင့်
လူတို့သေကြေပျက်စီးကြရဧ။် ။
အို - ပုဏ္ဏား ၊
➡ဤသို့ ဒုဗ္ဘိကန္ခန္တရကပ်
အငတ်ဘေးဆိုးကြီး ဆိုက်၍
သေကြေပျက်စီးရခြင်းသည်လည်း
ဆင်းရဲဒုက္ခများ ကြုံကြရပြီး
အသက်တိုခြင်းဧ။် အကြောင်းရင်း
တစ်ရပ်ပေတည်း "
______________________
" အိုပုဏ္ဏား ၊
တစ်ဖန် တစ်ပါးသောအကြောင်းဖြစ်ရပ်ကို
ငါဆိုဦးအံ့
ယခုအခါ၌ ...
လူတို့သည် ကိုယ်ကျင့်တရားပျက်စီးကြလေသည်
ငဲ့ညှာထောက်ထား ကိုယ်ချင်းစာတရားများ ဆိတ်သုဉ်း ကုန်ကြပြီ ၊
ဓနအား , လက်နက်အား , အာဏာအားတို့ကို အသုံးပြုကြပြီး ကြီးနိုင် ငယ်ညှင်း နှိပ်စက်ခြင်းတို့ ပြုကြကုန်ပြီ
ထိုသို့ တရားလက်လွတ်ပြုမူနေကြသဖြင့်
နတ်ဆိုး ၊ ဘီလူးဆိုး ၊ မကောင်းဆိုးယုတ်၊ မြေဘုတ် ပြိတ္တာမှူးတို့ အခွင့်သာစွာ ချယ်လှယ်နေကြသဖြင့် မကြုံဘူးသော ရောဂါဆိုး , ရောဂါဆန်းများဖြစ်ထွန်း
ပေါ်ပေါက်လာကြပြီး လူပေါင်းများစွာ သေကြေပျက်စီး ကြရဧ။်။
အို - ပုဏ္ဏား ၊ ဤသို့ ရောဂါထူပြော ကုသရခက်စေ သောကြာင့်
➡ ရောဂန္တရကပ် ဆိုက်သဖြင့် သေကြေ ပျက်စီး ရခြင်းသည်လည်း ဆင်းရဲဒုက္ခများ ကြုံကြရပြီး
အသက်တိုခြင်း၏ အကြောင်းရင်း တစ်ရပ်ပေတည်း "
ဟူ၍ ပြန်လည်ဖြေကြားတော်မူလေသည် ။
အင်္ဂုတ္တရနိကာယ် တိကနိပါတ်
ပလောကသုတ် အကျဉ်းချု ပ်)
🌹ဓမ္မမိတ်ဆွေများ ကောင်းကျိုးတရား တိုးပွားကြပါစေ🌹
credit

Comments
Post a Comment