တစ်ချို့လူတွေ
တချို့လူတွေက သင့်ကိုမချစ်နိုင်ဘူး
ဒါပေမယ့် သင့်ဆီကအချစ်ကိုလည်း သူတို့ကလိုချင်တယ်။
တချို့လူတွေက သင်ညာမှာတော့ကြောက်ကြတယ်
ဒါပေမယ့် သူတို့ကျ ညာနေကြတယ်။
တချို့လူတွေက သင့်ဆီကဂရုစိုက်မှုကျလိုချင်ကြတယ်
ဒါပေမယ့် သူတို့ကျ ဂရုမစိုက်တတ်ကြဘူး။
တချို့လူတွေက သင်လှည့်စားမှာကြောက်ကြတယ်
ဒါပေမယ့် သူတို့ကျ သင့်ကိုလှည့်စားနေကြတယ်။
တချို့လူတွေက သင့်ကိုထွက်သွားခွင့်မပေးဘူး
ဒါပေမယ့် သင်နေချင်အောင်လည်း သူတို့ဟာ မစွမ်းဆောင်နိုင်ကြဘူး။
တချို့လူတွေက သင်အချစ်သစ်တွေ့သွားမှာစိုးတယ်
ဒါပေမယ့် သူတို့အပေါ်ကိုစိတ်မပျက်အောင်တော့
မကြိုးစားကြဘူး။
တချို့လူတွေက သိပ်ရယ်ရတာပဲ
သူတို့လုပ်ချင်တာလုပ်မယ်
ဒါပေမယ့် သင့်ကိုကျ လုပ်ချင်တာလုပ်ဖို့ခွင့်မပြုတတ်ကြဘူး။
သူတို့သင့်ကို အရုပ်တရုပ်လို ကစားစရာတစ်ခုလို သဘောထားတယ်
အဲဒီလူတွေဆီက သင်မရုန်းထွက်နိုင်ရင်
သင်တသက်လုံးဒဏ်ရာတွေရနေမှာပဲ။
Credit & Original Uploder

Comments
Post a Comment