တစ်နေ့တော့
ဒီလိုချည်းပဲ အမြဲတမ်း ရှိမနေဘူး..
တစ်နေ့တော့ ခွဲကို ခွဲရဦးမှာ..
တစ်နေ့တော့ ကိုယ်က ထားခဲ့မှာလား..
တစ်နေ့တော့ သူက ထားခဲ့မှာလား..
ဒါလေးပဲ ကွာသွားတာ..
တစ်နေ့တော့ ထားကို ထားခဲ့မှာချည်းပဲ..
ဒါကြောင့်
ခုနေ အနားမှာ ရှိနေလို့လည်း
တရားလွန် ပျော်မနေနဲ့ဦး..
တစ်နေ့တော့ "သေကွဲနဲ့ ခွဲရဦးမှာပါလား"ဆိုတဲ့
သတိလေးတော့ ရှိပါဦး..
ခုနေ အနားက ခွာသွားလို့လည်း
တရားလွန် စိတ်ဓာတ်ကျမသွားနဲ့ဦး..
တစ်နေ့တော့ သေကွဲနဲ့ပါ ထပ်ပြီးအခွဲခံရဦးမှာ..
ခုနေ အနားကို ရောက်မလာသေးလို့
တရားလွန် မျှော်တော်ဇောနဲ့ ရှာမနေနဲ့ဦး..
တစ်နေ့တော့ ရောက်လာဖို့အတွက်
သေကွဲက အဆင်သင့်ရှိနှင့်ပြီးသား..
စေတနာနဲ့ ထပ်ပြီးပြောလိုက်မယ်..
"တစ်နေ့တော့ အားလုံး ခွဲကို ခွဲရဦးမှာပါ"လို့.....။
Credit
ohmarshin

Comments
Post a Comment